အနားယူလျှက် စောင့်ဆိုင်းခြင်း
အပူပြင်းဆုံး နေမွန်းတည့်ချိန်ဖြစ်သည်။ ယေရှုသည် ခရီးရှည်နှင်ခဲ့ခြင်းကြောင့် မောပန်းလျှက် ယာကုပ်ရေတွင်းအနီးတွင် ခေတ္တနားနေသည်။ တပည့်တော်များသည် စားစရာဝယ်ရန် ရှုခါမြို့သို့ ထွက်သွားကြသည်။ ရေခပ်ရန် မြို့ထဲမှ အမျိုးသမီးတစ်ဦး ထွက်လာပြီး၊ မေရှိယနှင့်ဆုံခဲ့သည်။ သူသည် မြို့ထဲသို့ အလျင်အမြန်သွား၍၊ “အကျွန်ုပ် ပြုဘူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူ” ၏ စကားကို လာ၍ နားထောင်ကြရန် အခြားသူများအား ဖိတ် ခေါ်ခဲ့သည် (ယော ၄း၂၉)။
တပည့်တော်များက အစားအစာများ ယူဆောင်လျက် ပြန်လာသော် အစာစားရန် ယေရှုအား တိုက်တွန်းရာ၊ ကိုယ်တော်က သူတို့အား “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏” (း၃၄)ဟု မိန့်တော်မူခဲ့သည်။
ယခု မေးခွန်းမေးပါမည်။ ထိုအချိန်တွင် ယေရှု ဘာလုပ်နေပါသနည်း။ ကိုယ်တော်သည် ရေတွင်းအနီးတွင် အနားယူလျက် စောင့်ဆိုင်းနေခဲ့သည်။
ကျွန်တော်သည်…
မိုးကုတ်စက်ဝိုင်းမှ မုန်တိုင်းများ
ကျွန်ုပ်၏သား ဂျော့(ရှ်)သည် အလက်စကာမြို့၊ကိုဒက်ရွာလေးမှ ဆော်လမွန်ငါးဖမ်းသော တံငါသည်တစ်ဦးဖြစ်သည်။ တစ်ကြိမ်တွင် သူသည် သူ့လှေပေါ်မှနေ၍ လှေနှင့် ကိုက်တစ်ရာခန့် အကွာရှိ အခြားလှေတစ်စင်းပုံကို ဓာတ်ပုံရိုက်ယူကာ ကျွန်ုပ်တို့ထံ ပို့လာသည်။ ပုံထဲတွင် မနှစ်မြို့ဖွယ်ရာ မိုးသားတိမ်တိုက်များက လှေငယ်လေးကို လွှမ်းမိုးထားသည်။ သို့သော်လည်း ကျွန်ုပ်တို့ကို အစဉ်အမြဲ
ချစ်ကာ သတိနှင့်ကြည့်ရှု စောင့်ရှောက်တော်မူသော ဘုရားသခင်၏ အသွင်သဏ္ဍာန်ကို ဆောင်သော သက်တန့် ငယ်သည် ထိုလှေငယ်လေးကို မိုး၍ ဝန်းရံထားသည်။
ထိုဓာတ်ပုံလေးက လောကခရီးရှည်ကို ပုံဆောင် သည်။ ကျွန်ုပ်တို့သည် မရေရာသော ခရီးရှည်ကို ဖြတ်သန်း သွားနေရသည်။ သို့သော် ထိုခရီးလမ်း တွင် ဘုရားသခင်၏ သစ္စာတော်က ကျွန်ုပ်တို့ကို ၀န်းရံပို့ဆောင်သည်။
တပည့်တော်တို့သည် ပင်လယ်ပြင်တွင် မုန်တိုင်း လှိုင်းတံပိုးဒဏ်နှင့် တွေ့ကြုံရသည်တွင် သခင်ယေရှုသည် ထိုအတွေ့အကြုံနှင့် ယှဉ်ကာ ဘုရားသခင်၏တန်ခိုးတော်နှင့် သစ္စာတော်တို့ကို…
အားတက်စရာ
ငှက်များလှုပ်ရှားပျံသန်းသည်ကို ကြည့်ပြီးသဘောကျသဖြင့် လွန်ခဲ့သော နှစ်များစွာက အိမ်နောက်ဖေးတွင် ဘေးမဲ့တောတစ်ခု ဖန်တီးကာ ငှက်များကို ဆွဲဆောင်ခဲ့သည်။ မိတ်ဆွေငှက်များကို အစာကျွေးခြင်း၊ ၎င်းတို့ လူးလာပျံသန်းမှုများကို ကြည့်ပြီး မကြာမီ ကပင် စိတ်ချမ်းသာခဲ့သည်။ ထို့နောက်တွင် သိမ်းငှက်ကြီးတစ်ကောင် ရောက်လာကာ ငှက်လေးများ၏အသိုက်အမြုံကို သူ့စားကျက်ပမာ ငှက်များကို ဖမ်းဆီးစားသောက်လေသည်။
ကျွန်တော်တို့ အခြေတကျ သက်သောင့်သက်သာ ဖြစ်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက် (သို့) တစ်စုံ တစ်ရာ ကျွန်တော်တို့၏အသိုက်အမြုံကို လာရောက် မွှေနှောက်ခြင်းသည် ဘ၀လောကဓံပင်ဖြစ်သည်။ `ဘ၀ကြီးက ဘာကြောင့် မျက်ရည်ချိုင့်ဝှမ်းပမာ ဖြစ်နေရ သနည်း´ ဟု ကျွန်တော်တို့ မေးတတ်ကြသည်။
ထိုမေးခွန်းဟောင်း၏အဖြေများစွာကို ကျွန်တော် ကြား
ခဲ့ဖူးပါသည်။ သို့သော် ‘‘လောကကြီးက ဆုံးမသင်ပေးလိုက်
တာတွေက ကျုပ်တို့ကို ကလေးငယ်တွေ ဖြစ်စေတယ်။ ဒါမှ ကိုယ်ထင်ရှားပြတဲ့ ဘုရားသခင်
ကို ကျုပ်တို့မြင်မယ်လေ’’…
ကိုယ်တော်၏ အချိန်
တောင်အာဖရိကလူမျိုး သင်းအုပ်ဆရာ အင်ဒရူးမာရေးသည် ၁၈၉၅ခုနှစ်တွင် အင်္ဂလန်သို့ သွားရောက်စဉ် ကျောဒဏ်ရာမှနာကျင်မှုကို ပြန်လည်ခံစားရသည်။ အနားယူနေစဉ် အတွင်း အိမ်ရှင်က အလွန်ဒုက္ခရောက်ကာ အကြံပေးနှစ်သိမ့်မှု လိုအပ်နေသော အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြသည်။ မာရေးက "ကိုယ့်အတွက် ကိုယ်ကိုယ်တိုင် ရေးထားတဲ့ဒီစာ၊ သူ့ကို ပေးလိုက်ပါ။ သူ့အတွက် အထောက်အကူ ပြုပါလိမ့်မယ်" ဟု ပြောခဲ့သည်။ ဆရာမာရေး ဤကဲ့သို့ရေးထားသည်။
ဒုက္ခကြုံတွေ့ရချိန်တွင် အောက်ပါအတိုင်း ပြောပါ။
ပထမဆုံး - ဘုရားသခင်သည် ကျွန်ုပ်အား ဤသို့ ကြုံတွေ့ရန် အခွင့်ပေးခဲ့သည်။ ဤကျဉ်းမြောင်းကျပ်တည်းသောနေရာသို့ ရောက်ရှိရခြင်းသည် ကိုယ်တော်၏ အလိုတော်ဖြစ်ပြီး ဤနေရာတွင် ကျွန်ုပ်အနားယူမည်။
ထို့နောက် - ဤစုံစမ်းခြင်းတွင် ကိုယ်တော်သည် သူ၏မေတ္တာဖြင့် ကျွန်ုပ်အား ကြည့်ရှု စောင်မမည်ဖြစ်ပြီး သူ့သားသမီးကဲ့သို့ တုံ့ပြန်ပြုမူနိုင်အောင် ကိုယ်တော်ကျွန်ုပ်အား ကျေးဇူးပြုမည်။
တစ်ဖန် - စုံစမ်းခြင်းကို …
သင်သည် အဖိုးတန်သည်
ကျွန်ုပ်၏ယောက္ခမကွယ်လွန်သွားပြီးနောက် သူ့တိုက်ခန်းရှိ အ၀တ်ဘီဒိုအံဆွဲ၌ သိမ်းဆည်းထားသော အမေရိကန် အင်းဒီးယန်းခေါင်းပုံ အကြွေစေ့များကို ကျွန်တော်တို့ ဇနီးမောင်နှံ တွေ့ရှိခဲ့သည်။ သူက အကြွေစေ့များ စုတတ်သူမဟုတ်ငြားလည်း သူ နေထိုင်ခဲ့သည့်ခေတ်အခါက အကြွေစေ့များကို အသုံးပြုခဲ့ခြင်းကြောင့် သူ့အနေနှင့် အကြွေစေ့အချို့ကို စုမိခြင်းဖြစ်သည်။
အကြွေစေ့အချို့မှာ အသစ်အတိုင်းရှိသော်လည်း အချို့မှာမူ ပျက်စီးပြီး အတော်ပင် ဟောင်းနွမ်းကာ အရောင် လွင့်ကုန်ပြီဖြစ်သောကြောင့် ဘာပုံရိုက်နှိပ်ထား သည်ကိုပင် မမြင်ရသလောက်ပင်။ အကြွေစေ့တိုင်း၏ အခြားမျက်နှာပြင်တွင် “တစ်ပြား” ဟု ရိုက်နှိပ်ထားသည်။ ယခုမျက်မှောက်ခေတ်၌ အကြွေတစ်စေ့သည် တန်ဖိုးနည်းပြီး
အသုံးမ၀င်ဟု အများက တွေးထင်ကြသော်ငြားလည်း ထိုခေတ်ထိုအချိန်က ဤအကြွေစေ့တစ်ပြားဖြင့် သတင်းစာတစ်စောင် ၀ယ်နိုင်လိမ့်မည်။ ထိုအကြွေစေ့ များသည် ဟောင်းနွမ်းပျက်စီးကာ စွန့်ပစ်ခံရသည့်တိုင် အကြွေစေ့စုဆောင်းသူများ ကတော့ သူတို့ကိုတန်ဖိုးထားဆဲပင်ဖြစ်၏။
သင့်ကိုယ်သင် အရောင်လွင့်ပြယ်ကာ၊ ဟောင်းနွမ်းစုတ်ပြတ်ပြီး လူရာမ၀င်တော့ ဟု သင်ခံစားရကောင်း ခံစားနေရမည်။…
အမှောင်ထဲတွင် အကူအညီရှာခြင်း
ကျွန်ုပ်တို့၏ အဖြူရောင် တယ်ရီယာ အမျိုးအစားခွေးလေးသည် ကျွန်ုပ်တို့ ခုတင်ခြေရင်း တွင် ကွေးကွေးလေး အိပ်စက်နေခဲ့သည်မှာ ၁၃ နှစ်တိုင် ရှိခဲ့ပါပြီ။
ပုံမှန်အားဖြင့် ၎င်းအိပ်စက်နေစဉ် မည်သည့်အသံမျှမပေး၊ လှုပ်ရှားမှု မရှိတတ်ပေ။ သို့သော် မကြာမီက ညလယ်ရောက်လာပြီဆိုလျှင် ဖြည်းဖြည်းလေး လာလာထိသည်။ ပထမတော့ ၎င်းအပြင်သွားချင်သောကြောင့် တို့သည်ဟုသာ ထင်မိ၍ ၎င်းအဆင်ပြေအောင် လုပ်ပေးခဲ့သည်။ သို့သော် ၎င်းသည် ကျွန်ုပ်တို့ သူ့နားတွင် ရှိမရှိ သိချင်သောကြောင့် လာထိခြင်းဟု နားလည်လိုက်သည်။ ယခုတွင် ခွေးမှာ နားထိုင်း လာပြီး အမြင်အာရုံလည်း မကောင်းတော့ပါ။ အမှောင်ထဲတွင်
သူဘာကိုမှ မမြင်။ ကျွန်ုပ်တို့၏ လှုပ်ရှားမှု၊ အသက်ရှူသံများ ကိုလည်း မကြားနိုင်တော့ပေ။ သဘာဝအရ သဲသဲကွဲကွဲ မသိနိုင်တော့သဖြင့် လုံခြုံစိတ်ချရအောင် လာတို့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ခေါင်းလေးကို ပုတ်၍ သူ့နားတွင်…
ဖန်ကမ်းခြေ
၂၀ ရာစု အစောပိုင်းကာလက ကယ်လီဖိုးနီးယားပြည်နည် ဖို့ဘရက် ဒေသခံများသည် ၎င်းတို့၏အမှိုက်သရိုက်များကို တောင်စွန်းတစ်ခုမှနေ၍ ပင်လယ်ကမ်းခြေသို့စွန့်ပစ်ကြသည်။ သို့နှင့် သံဗူး၊ ပုလင်း၊ စားပွဲ၊ ကုလားထိုင်၊ ပရိဘောဂအကျိုးအပဲ့စသည်ဖြင့် ရှိသမျှ အမှိုက်များ စုပုံကာ မနှစ်မြို့ဖွယ် အမှိုက်ပုံကြီးဖြစ်လာသည်။ ထို့ကြောင့် ဒေသခံများက အမှိုက်များ မစွန့်ပစ်ကြတော့ပါ။ သည့်တိုင် ၎င်းသည် ပြန်လည်ဆယ်ယူ ဖော်ထုတ်၍မရတော့သည့် အမှိုက်ပုံကြီးအဖြစ် အရှက်ရစရာ အဖြစ် ကျန်ရစ်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် လှိုင်းတိုက်စားကာ အမှိုက်သရိုက်များကို ပင်လယ်ကြမ်းပြင်သို့ ဆွဲချသွားသည်။ ထို့နောက် ကမ်းခတ်လှိုင်းများက ဖန်ပုလင်းကွဲစများကို တိုက်စားပြီး လုံးချောသည့် `ပင်လယ်ဖန်စများ´အဖြစ် ကမ်းခြေသို့ ပြန်လည်ပို့ဆောင်သည်။ ယခုတွင် `ဖန်ကမ်းခြေ- Glass Beach´ အဖြစ်ထင်ရှားကာ အဆက်မပြတ် ပြောင်းလဲ နေသော လှပသည့် ကမ်းခြေ ရှုခင်းမြင်ကွင်းက ခရီးသွားများကို ဆွဲဆောင်နေတော့သည်။
သင့်အသက်တာကိုလည်း မျှော်လင့်စရာမရှိသည့်…
တိတ်ဆိတ်ခြင်း၏ အသံများ
ကျွန်တော့်ငါးမျှားဖော် မိတ်ဆွေက ‘‘ရေတိမ်တဲ့ချောင်းက ဆူညံတယ်’’ ဟု တွေ့ရှိ လေ့လာမိသည်။ ရှေးဆိုရိုးစကားတွင်မူ ‘‘ရေနက်လျှင် ရေငြိမ်သည်’’ ဟု ဖော်ပြသည်။ အသံကျယ်လောင်သူသည် စင်စစ် သူ၌ ပြောစရာ ဘာမှရေရေရာရာ မရှိဟု သူ ဆိုလိုခြင်းဖြစ်သည်။
ထိုပြဿနာကို အခြားတစ်ဖက်မှကြည့်လျှင် ကျွန်တော်တို့ကလည်း ကောင်းကောင်း နားထောင်ပေးခြင်း မရှိသည်ကို တွေ့ရသည်။ ကြားသော်လည်း နားမထောင် သူများအကြောင်း ဆိုင်မွန် နှင့် ဂါဖန်ကယ်တို့ ရေးသည့် ‘‘တိတ်ဆိတ်ခြင်း၏အသံများ’’ သီချင်းမှ စာသားများကို ကျွန်တော် သတိရမိသည်။ စကားလုံးကို ကြားလိုက် သော်လည်း ၎င်းတို့၏အတွေးများကို ရပ်တန့်ငြိမ်ဝပ်စေလျက်
အမှန်တကယ် နားထောင်ခြင်း မရှိပါ။ တိတ်ဆိတ် ငြိမ်ဝပ်စွာ နေတတ်အောင် ကျွန်တော်တို့ သင်ယူမိလျှင် ကောင်းမည်။
‘‘တိတ်ဆိတ်စွာ နေရသောအချိန်နှင့် စကားပြောရသော အချိန်လည်းရှိ၏’’ (ဒေ ၃း၇)။ ကောင်းသော…
နေ့စဉ် ငြီးငွေ့ဖွယ်အလုပ်
ကျွန်တော်တက်ခဲ့သော အထက်တန်းကျောင်းတွင် လက်တင်ဘာသာကို ၄ နှစ် သင်ယူ ခဲ့ရသည်။ ယခုအချိန်တွင် ထိုဘာသာရပ်၏တန်ဖိုးကို သဘောပေါက်နားလည်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်ကမူ အလွန်ငြီးငွေ့ခဲ့သည်။
ဆရာမက လေ့ကျင့်ခန်းနှင့် ထပ်တလဲလဲ ပြုလုပ်ခြင်းသည် ကောင်းသည်ဟု ယုံကြည်သည်။ ‘‘ထပ်ခါတလဲလဲပြုခြင်းသည် တတ်မြောက် သင်ယူခြင်း၏မိခင် ဖြစ်သည်’’ ဟူသော လက်တင်ဝါကျကို တစ်နေ့လျှင် အကြိမ်များစွာ တည်ငြိမ်ဖြည်းလေးစွာ ပြောလေ့ ရှိသည်။ ကျွန်တော်တို့ကလည်း ‘‘ထပ်တလဲလဲပြုခြင်းသည် အဓိပ္ပာယ်မရှိသောအရာ’’ ဟု တီးတိုးရေရွတ်ကြသည်။
ယခုတွင် ဘ၀အစိတ်အပိုင်း အများစုသည် ကျွန်ုပ်တို့
ကြိမ်ဖန်များစွာ ပြုလုပ်သော၊ ပျင်းရိဖွယ်၊ ထိုင်းမှိုင်း စိတ်ဓာတ်
ကျဖွယ်ကောင်းသော ထပ်တလဲလဲပြုသည့် အရာများ ဖြစ်ကြောင်း ကျွန်ုပ် နားလည်သဘောပေါက်ခဲ့ပြီ။ ဒိန်းမတ်
အတွေးအခေါ်ပညာရှင် Soren Kier kegaard က ‘‘ထပ်
တလဲလဲပြုခြင်းသည် ပေါင်မုန့်ကဲ့သို့ပင် သာမန်အရာဖြစ်သကဲ့သို့…
အကြမ်းပတမ်းလမ်း
ငါးမျှားဝါသနာပါသူ ကျွန်တော့်မိတ်ဆွေတစ်ဦးက အိုင်ဒါဟိုရှိ ဂျက်ဟန်းဒဲလ် တောင်ခါးပန်းတွင် တည်ရှိသော အဲလ်ပိုင်း ရေကန်အကြောင်း ပြောပြသည်။ ထိုရေကန်၌
ရေချိုငါးကြီးမျိုး ခိုအောင်းနေကြောင်း ကောလဟာလသတင်း ထွက်သည်။ ကျွန်တော့် မိတ်ဆွေက ခဲတံတစ်ချောင်းယူပြီး လက်သုတ်ပ၀ါတစ်ထည်ပေါ်တွင် ကျွန်တော့်အတွက် မြေပုံဆွဲပေးသည်။ နောက် ရက်သတ္တပတ် အတန်ကြာမှ သူ့မြေပုံအတိုင်း စတင်ခရီး ထွက်ခဲ့သည်။
ထိုမြေပုံအတိုင်းသွားခဲ့၍ ကျွန်တော်မောင်းဖူးသမျှ လမ်းများအနက် အဆိုးဝါးဆုံးလမ်းပေတည်း။ ထိုလမ်းမှာ သစ်ထုတ်လုပ်ရေးသုံး ဘူဒိုဇာမြေတူးကားကြီးများ သွားသည့်
လမ်းဟောင်းဖြစ်သည်။ ရေတိုက်စားမှုကြောင့် မညီညာ သောမြေ၊ လဲကျနေသောသစ်ပင်များ၊ ကားဘီးရာ ချိုင့်ခွက်ကြီးများ၊ ကျောက်တုံးကြီးများကြောင့် ကျောရိုးကို အဆက်မပြတ် ထုနှက်နေသည့်အလားဖြစ်နေပြီး ဂီယာတံ လည်း ကွေးသွားသည်။ နေ့တစ်ဝက်ကျိုးမှ ကျွန်တော် သွားလိုသည့်နေရာသို့ ရောက်သွားသည်။ ထိုအခါမှ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးမိသည်။ “ မိတ်ဆွေတစ်ဦးက ဘာကြောင့် ဒီလမ်းမျိုးကို…